Showing posts with label ဘင်္ဂ. Show all posts
Showing posts with label ဘင်္ဂ. Show all posts

Monday, September 21, 2009

ပုတိ , ဘင်္ဂ , မရဏ (၂)

ပုတိ , ဘင်္ဂ , မရဏ ဆိုတာ မဟာဘုတ်ခွင်မှာ အောက်တန်းဖွားတွေလို့ ခေါ်ပါတယ်။ တနည်းအားဖြင့် အနိဋ္ဌ ခွင်ဖွား တွေလို့လည်း ဆိုကြပါတယ်။ ဒါကြောင့် ပုတိ , ဘင်္ဂ , မရဏ အဖွားတွေဟာ လူခြင်းယှဉ်ရင် တပန်းရှုံးသလိုဖြစ်နေပါတယ်။ ဗေဒင်ပညာ မတောက်တခေါက် လေ့လာဖူးတဲ့သူဆိုရင် ပုတိ , ဘင်္ဂ , မရဏ ဆိုရင် အညံ့ဖွားဘဲ။ “ပုတိ သဘောမကျော်စော၊ နှမြောတွန့်တို ရှိလှ၏” ဆိုတာမျိုး၊ “မရဏဖွားဆိုရင် မွေးစမှာ ချုချာပြီး သေရင်သေ၊ မသေရင်ကောင်းစားမယ်” တဲ့။ “ဘင်္ဂ” ဆိုရင် မိဘတွေနဲ့ သေကွဲရှင်ကွဲ ကွဲရတတ်တယ်ဆိုတာမျိုးက တဖုံ အမျိုးမျိုးပြောနေကြတာပါဘဲ။

စာရေးသူကတော့ ဘာဘဲဖြစ်ဖြစ် လက်တွေ့သုတေသနပြုရမှ ကျေနပ်အားရတဲ့သူမို့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၂ဝ)လောက် ကတည်းက ပုတိ , ဘင်္ဂ , မရဏ ဖွားတွေနဲ့ ကျန်အဖွားတွေနဲ့ ကွာခြားမှုကို လေ့လာကြည့်တယ်။ မြန်မာနိုင်ငံသာမက ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားသူတွေရဲ့ မွေးသက္ကရာဇ်တွေကိုပါ ရှာဖွေပြီး လေ့လာကြည့်တယ်။
အဲဒီမှာ ဘာသွားတွေ့တုန်းဆိုတော့ ပုတိ , ဘင်္ဂ , မရဏ ဖွားတွေဟာ အထက်တန်းဖွားလို့ခေါ်တဲ့ အထွန်း , သိုက် , ရာဇ နဲ့ အဓိပတိတို့ထက် ပိုပြီး ညံ့ပါတယ်ဆိုတဲ့ အချက်ဟာ လုံးဝမှားယွင်းပါတယ်။ ရာခိုင်နှုံးအရ ပြောရရင် ပုတိ , ဘင်္ဂ , မရဏ ဆိုတဲ့ အောက်တန်းဖွားတွေနဲ့ အထွန်း , သိုက် , ရာဇ နဲ့ အဓိပတိ ဆိုတဲ့ အထက်တန်းဖွားတွေရဲ့ အောင်မြင်မှု ကျော်ကြားမှုတွေဟာ (၅ဝ%=၅ဝ%) စီလောက်ပါဘဲ။ အထက်တန်းဖွားတွေက ပိုထူးချွန်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။
ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ပုတိ , ဘင်္ဂ , မရဏ ဖွားတွေဟာ အထက်တန်းဖွားတွေနဲ့ အောင်မြင်တာခြင်းတူရင် သူတို့က ပိုကြိုးစားရတယ်။ ပိုအခက်အခဲများတယ်။ လောကဓံတရား ပိုများတတ်တယ်။ ဒါပေမယ့် အောင်မြင်စရာရှိရင်လည်း အထက်တန်းဖွားတွေ လိုက်မမှီအောင် အောင်မြင်ကျော်ကြား တတ်ပါတယ်။ ဒါကြောင့် ” ပုတိသဘော မကျော်စော၊ ကျော်စော ပုတိ တုမရှိ” လို့လည်း ဆိုရိုးစကားဖြစ်လာတာဖြစ်ပါတယ်။
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ဆရာသခင်ဖြစ်တော်မူတဲ့ “ဗုဒ္ဓ” ရှင်တော်မြတ်ဟာ တခြားအဖွား ဟုတ်ပါရိုးလား။ “ပုတိ” ဖွားဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ ကမ္ဘာထိအောင် ကျော်ကြားခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် “ဦးသန့်” ကတော့ “မရဏ” ဖွားပါ။ မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးက ပုတိ , ဘင်္ဂ , မရဏ ဖွားဖြစ်ပြီး ထင်ပေါ်ကျော်ကြားသူတွေရဲ့ စာရင်းအချို့ကို လေ့လာကြည့်ပါ။
ပုတိဖွား ဘင်္ဂဖွား မရဏဖွား
ဗုဒ္ဓဘုရားရှင် အိန္ဒိယ ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူး ဦးသန့်(ကုလ အတွင်းရေးမှူးချူပ်)
ပြင်သစ်သမ္မတ ချားလ် ဒီဂေါ ဖလော့ရင့်စ် နိုက်တင်ဂေး ဂျိုးဇက် ပူလစ်ဇာ
မင်းသားကြီး မာလွန်ဘရန်ဒို စပိန်အာဏာရှင် ဖရန်စစ် ဖရန်ကို ဟောလီးဝုဒ် မင်းသမီးကြီး ဗီဗီယံလေး အော်စကာ(၂)ဆုပိုင်ရှင်
ဂျော့ဝါရှင်တန် (အမေရိကန် နိုင်ငံ ပထမဆုံး သမ္မတကြီး) ယူရီ အန်ဒရိုပေါ့(K.G.B ) တည်ထောင်သူ ဟန်နရီ ဖောင်ဒါ (ဟောလီးဝုဒ် မင်းသားကြီး)
ဂျိုဒီဖော်စတာ (အော်စကာ(၂)ဆုပိုင်ရှင်) ဂျေ အက်ဒဂါ ဟူးဗား(F.B.I) တည်ထောင်သူ လီယိုနစ် ဘရက်ဇညက် (ဆိုဗီယက် ခေါင်းဆောင်)
မာကိုနီ (ရေဒီယို တီထွင်သူ) ဒါရိုက်တာ ဟစ်ခ်ျကော့ သမ္မတ ဘီလ်ကလင်တန်
ဟိန်းနရစ် ဟာ့ဇ် (သိပ္ပံပညာရှင်) မိုက်ကယ် ဂျော်ဒန် (ဘတ်စကတ်ဘော) အင်္ဂလန် ဂျော့ဘုရင် နံပါတ် (၆)
မဒမ် မာရီကြူရီ (သိပ္ပံပညာရှင်) ဆိုဗီယက် ခေါင်းဆောင် ကရူးရှက်ဗ် ဂျော်ဒန်ဘုရင် ဟူစိန်
သောမတ် အက်ဒီဆင် (တီထွင်သူ နှင့် သိပ္ပံပညာရှင်) ဘရစ်ဂျစ် ဖောင်ဒါ (ဟောလီးဝုဒ် သရုပ် ဆောင်) အီရန်ဘာသာရေးခေါင်းဆောင် အရာတိုလာ ခိုမေနီ
သန်းကြွယ်သူဌေးကြီး ဟောင်းဝပ်ဟူး ဘရုစ်ဝီလီ (ဟောလီးဝုဒ် သရုပ်ဆောင်) ကတ်ပလာ /သင်္ချာ နှင့် နက္ခတ်ပညာရှင်
နက္ခတ်ပညာရှင် တွမ်ဘော့ ကင်မရွန်းဒဇ်(ဟောလီးဝုဒ်သရုပ်ဆောင်) မာရီယာ ရှာရာပိုဗာ (တင်းနစ်,မော်ဒယ်)
ပီးယားစ် ဘရော့စ်နန် (ဂျိမ်းစ်ဘွန်း) စင်ဒီ လော့ပါး မက်ဒေါနား (အဆိုတော်)
သူဌေးကြီး ဆမ် ဝေါ်လ်တန်(Wal-Mart) ဆူပါမားကတ်များ ပိုင်ရှင် အီမန်နျူယယ်အဒီဘာရော (အာစင်နယ် တိုက်စစ်မှူး) တိုက်ဂါး ဝုဒ် (ဂေါ့ဖ် ချန်ပီယံ)
ဆလိုင်း ဒီယွန် (အဆိုတော်) မိုက်ကယ်ဘောလက် (ချယ်ဆီး တိုက်စစ်မှူး) ချောင်ယွန်ဖတ် (ဟောင်ကောင်မင်းသား)
ကလော်ဒီရာ ရှက်ဖာ (မော်ဒယ်) ဟယ်ရစ်ဆင် ဖို့ဒ် (ဟောလီးဝုဒ် မင်းသားကြီး) ဂျွန်တယ်ရီ (ချယ်ဆီး ကပ္ပတိန်)
ကွန်ဒီလီဇာ ရိုက်စ် (အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး) တွမ် ဟန့်စ် (ဟောလီးဝုဒ် မင်းသား) ရှက်ဗ်ချင်ကို (အေစီမီလန်ဘောသမား)
ရော်ဂျာဖက်ဒရာ (တင်းနစ်ချန်ပီယံ) ဒန်မီ မိုးရ် (ဟောလီးဝုဒ် မင်းသမီး) မာရီလင် မွန်ရိုး(ဟောလီးဝုဒ် မင်းသမီး)
ဖရန့် လမ်းပတ် (ချယ်ဆီးဘောသမား) မိုက်ကယ် ဒဲလ် (Dell ကွန်ပျူတာ တည်ထောင်သူ) ဒေးလ် ကာနက်ဂျီ (မိတ္တဗလဋီကာ ကျမ်းကြီးကို ရေးသားခဲ့သူ)
စတီဗင် ဂျရတ် (လီဗာပူး တိုက်စစ်မှူး) ဒေါ်နယ် ထရမ့် (အမေရိကန် သန်းကြွယ် သူဌေး) ဂျိုးဇက် စတာလင် (ဆိုဗီယက် ခေါင်းဆောင်)
နီကိုးလပ်စ် ကေ့ခ်ျ (ဟောလီးဝုဒ် မင်းသား) ဂရေ့စ် ကယ်လီ (မိုနာကို မင်းသမီးကြီး) မိုရိတ အကီယို (SONY )တည်ထောင်သူ ဖခင်ကြီး
ဟီလာရီ ကလင်တန် လေဒီ ဒိုင်ယာနာ (ဝေလမင်းသမီး) သိပ္ပံစာရေးဆရာကြီး အိတ်ခ်ျ ဂျီ ဝဲလ်
မဟတ္တမ ဂန္ဒီ အေဘရာဟမ် လင်ကွန်း ပီးယားပွန့် မော်ဂန် (သန်းကြွယ်သူဌေး)
တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း တိန့်ရှောင်ဖိန် (တရုပ်နိုင်ငံ ပြုပြင် ပြောင်းလဲရေး ခေါင်းဆောင်ကြီး) ကလင့်အိစ်ဝုဒ် (ကောင်းဘွိုင်မင်းသား)
ဒီစာရင်းတွေဟာ အကုန်မဟုတ်သေးပါဘူး။ အများကြီး ကျန်ပါသေးတယ်။ ဒီပုဂ္ဂိုလ်တွေကို ကြည့်ရင် ပုတိ , ဘင်္ဂ , မရဏ ဖွားတွေဟာ ဘာမှ အားငယ်စရာ မရှိပါဘူး။ ထင်ပေါ်ကျော်ကြားသူတွေ၊ အနုပညာရှင်တွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ သန်းကြွယ်သူဌေးတွေ၊ အားကစားသမားအကျော်အမော်တွေ အများကြီးရှိပါတယ်။
ဒါကြောင့် ခင်ဗျားရဲ့ အဖွားဟာ ပုတိ , ဘင်္ဂ , မရဏ ဖြစ်လို့ ဘာမှ စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် သူများထက်တော့ ပိုကြိုးစားရလိမ့်မယ်။ ပုတိ , ဘင်္ဂ , မရဏ ဖွားတွေဟာ အချောင်မကြီးပွားတတ်ကြဘူး။ (အမှန်ကတော့ လောကမှာ အချောင် ဆိုတာ ဘာမှ မရှိပါဘူး။ တန်ရာတန်ကြေးတော့ ပေးရတာချည်းပါဘဲ)
ဒီလိုလက်တွေ့လေ့လာလိုက်တော့ ပုတိ , ဘင်္ဂ , မရဏ ဖြစ်တာမဖြစ်တာဟာ ဘဝအောင်မြင်ရေး၊ ချမ်းသာကြွယ်ဝ ရေးတွေမှာ အခက်အခဲမရှိဘူးဆိုပေမယ့် တစ်ခုသတိထားမိတာက ပုတိ , ဘင်္ဂ , မရဏ ဖွားတွေဟာ များသောအားဖြင့် အချစ်ရေး၊ အိမ်ထောင်ရေးကံတွေမှာ အားနည်းတတ်တာကိုတော့ သတိပြုမိပါတယ်။
အချစ်ရေး ရှုတ်ထွေးမယ်။ အိမ်ထောင်ရေး ရှုတ်ထွေးမယ်။ အိမ်ထောင်ကွဲတာ အိမ်ထောင်ဆက်များတာကို တခြားအဖွားထက် ပုတိ , ဘင်္ဂ , မရဏ ဖွားတွေမှာ ပိုတွေ့ရပါတယ်။ အထူး သဖြင့် ဘင်္ဂ နဲ့ မရဏ ဖွားဟာ အဲဒီ ဒဏ်ကို အတော်ခံရတတ်ပါတယ်။ အိမ်ထောင်ပျက်လွယ် ၊ ကွဲလွယ်တဲ့ အထဲမှာ ဘင်္ဂဖွား နဲ့ မရဏဖွားဟာ ပိုဆိုးပါတယ်။ မိန်းကလေးဖြစ်ရင် အသောက်အစားအပျော်အပါးများတဲ့ ယောင်္ကျားဆိုးနဲ့ တွေ့တတ်တယ်။ အားမကိုးရတဲ့ ယောင်္ကျားကို ရတတ်တယ်။ ယောင်္ကျားဖြစ်ရင် အိမ်ထောင်ကျဖို့ ခက်ခဲမယ်။ ကျရင်လည်း ကိုယ့်ထက် အဆင့်အတန်းနိမ့်သူ (သို့) ကိုယ်ကျင့် တရားအားနည်းတဲ့ မိန်းမမျိုး (သို့) ယောင်္ကျားကိုအလွန်နိုင်တဲ့ မိန်းမမျိုးကို ရတတ်တယ်။ လူတိုင်းတော့ မဟုတ်ပါ။ ဗေဒင်ပညာဆိုတာ အလွန်ဆုံး (၇၅) (၈ဝ) % လောက်ဘဲ မှန်နိုင်ပါမယ်။
ဒီတော့ ခင်ဗျားဟာ ပုတိ , ဘင်္ဂ , မရဏ ဖွားဖြစ်ရင် ဘဝအောင်မြင်ရေး၊ ကြီးပွားတိုးတက်ရေးအတွက် ဘာမှ ပူစရာ မရှိဘူးလို့ယူဆလိုက်ပြီး၊ အိမ်ထောင်ရေး အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ မကောင်းတဲ့ (၇၅) (၈ဝ) % ထဲမှာ မပါဘဲ ကောင်းတဲ့ (၂ဝ) (၂၅) % ထဲမှာ ပါတယ်လို့ ယူဆလိုက်ပေါ့ဗျာ။ ဒါမှ စိတ်ချမ်းသာမှာကိုး။
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေ

ပုတိ , ဘင်္ဂ , မရဏ (၁)

ပြီးခဲ့တဲ့ ပို့စ် မှာ မြန်မာလူမျိုးတွေဟာ ကိုယ့်ရဲ့ မွေးတဲ့နေ့ကိုတော့ လုံးဝမမေ့တဲ့အကြောင်း၊ ကိုယ်ဘာနေ့သားသမီးလဲ ဆိုတာ ချက်ခြင်းပြောနိုင်တဲ့အကြောင်းကို ပြောခဲ့ပြီးပါပြီ။ နောက်ထပ်တစ်ခု ထပ်ပြီးချစ်စရာကောင်းတဲ့ ရိုးရာ ဓလေ့လေးက ကိုယ် ဘာ “အဖွား” လဲ ဆိုတာကိုလည်း မြန်မာလူမျိုးတော်တော်များများ သိကြပါတယ်။
ရှေးခေတ်တုန်းကဆိုရင် ကလေးတစ်ဦး လူ့လောကထဲကို မွေးဖွားဝင်ရောက်လာပြီ ဆိုတာနဲ့ အမည်နာမတစ်ခုကို ပေးကြတဲ့နေရာမှာ မိမိကိုးကွယ်တဲ့ ဆရာတော်ကြီးများဆီမှာ အပ်နှံပြီး နာမည်ပေးခိုင်းလေ့ရှိကြပါတယ်။ ရဟန်းသံဃာဆိုတာ မျိုးကလည်း လူ့လောကီကိစ္စတွေကို လုံးဝကင်းကွာလို့မရတော့ ဗေဒင်လေး၊ ဘာလေးတော့ အနည်းနဲ့အများဆိုသလို လေ့လာ ထားကြရပါတယ်။ များသောအားဖြင့်တော့ လွယ်လည်းလွယ်ကူ၊ အသုံးလည်းတည့်တဲ့ ” မဟာဘုတ်” ကိုတော့ ရဟန်းသံဃာ တိုင်းလိုလို အနည်းနဲ့အများတော့ သိကြပါတယ်။
ဒီတော့ ကိုယ့်ဒကာရဲ့ သားသမီးဖြစ်တော့ မဟာဘုတ်ကလေးကောက်တွက်၊ ပြီးတော့ နာမည်ပေးလိုက်ကြတာပေါ့။ နာမည်ပေးပြီးတာနဲ့ ဒီကလေးက “အထွန်းဖွား၊ ရာဇဖွား၊ ပုတိဖွား” စသည်ဖြင့် တွက်ချက်ပေးလိုက်ကြပါတယ်။ ဒီတော့ ဒီကလေး တွေဟာ ကြီးပြင်းလာတဲ့အထိ၊ ကိုယ်ဘာနေ့သား၊ ဘာနေ့ဖွားဆိုတာကို သေသေချာချာမှတ်သားထားလိုက် ကြတာပေါ့။
ဒီဘက်ခေတ်ရောက်လာတဲ့ မိဘတွေကျတော့ နာမည်ပေးတာကိုလည်း ကိုယ်တိုင် စိတ်တိုင်းမကျ မခြင်း ပေးချင်သလို ပေးကြ၊ ခေတ်အဆန်ဆုံးပေးကြပေမယ့် ကလေးက ” ဘာအဖွား” လည်းဆိုတာကိုတော့ မသိကြတော့ပါဘူး။
ဒီနေရာမှာ ရယ်စရာလေးတစ်ခု ကိုယ်တွေ့ကြုံရတာကို ပြောရဦး။ တစ်ခါတော့ မိဘတစ်ဦးဟာ သူ့ကလေးရဲ့ နာမည်ကို မှန်မမှန်ကို စစ်ခိုင်းကြည့်ပါတယ်။ ကျွန်တော်ကလည်း အမှုမဲ့အမှတ်မဲ့နဲ့ (သိပြီးသားထင်လို့) “ကလေးရဲ့ အဖွားက ဘာလည်း” လို့မေးလိုက်တော့ သူက ပြန်ဖြေရှာပါတယ်။ ” ကလေးရဲ့ အဖွားက မရှိတော့ဘူးခင်ဗျ။ ဆုံးသွားတာ ကြာပြီ” တဲ့။
ဒီလို ဒီဘက်ခေတ်ရောက်လာတော့ ကိုယ့်ရဲ့ မဟာဘုတ်အဖွားကို ဘာလည်းဆိုတာ သိတဲ့သူ နည်းလာကြပါပြီ။ ဒါပေမယ့် ကိုယ်ဘာအဖွားလည်းဆိုတာ သိဖို့က သိပ်ခက်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် လွယ်လွယ်လေး တွက်လို့ ရပါတယ်။ ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို သိရင် ကိုယ်ဘာအဖွားလည်း ဆိုတာ သိနိုင်ပါတယ်။ ဒီဆောင်းပါးဟာ ဗေဒင်ပညာရှင်တွေအတွက် မဟုတ်တဲ့အတွက် ကိုယ်ဘာအဖွားလည်းဆိုတာ အလွယ် သိနိုင်အောင် ဇယားလေးတစ်ခုထည့်ပေး လိုက်ပါတယ်။
ပထမဆုံးကိုယ့်မွေးဖွားတဲ့ မြန်မာ သက္ကရာဇ်ကို ရှာပါ။ အင်္ဂလိပ်ခုနှစ်ဘဲသိရင် အင်္ဂလိပ်ခုနှစ်ထဲကနေ ပုံသေဂဏန်း (၆၃၈) ကို နုတ်လိုက်ရင် မြန်မာ ခုနှစ်ကို ရပါတယ်။ တစ်ခုသတိထားရမှာက မြန်မာနှစ်သစ်ကူးနေ့ဟာ ဧပြီလ (၁၅)ရက်၊ (၁၆)ရက်၊ (၁၇) ရက်နေ့တွေမှာ နှစ်ဆန်းတတ်တဲ့အတွက် ကိုယ့်ရဲ့ အင်္ဂလိပ် ရက်၊ လ၊ ခုနှစ်က မြန်မာနှစ်ဆန်းတစ်ရက်နေ့ မတိုင်မှီဖြစ်ရင်တော့ (၆၃၉) ဂဏန်းကို နုတ်ရပါမယ်။ နှစ်ဆန်းတစ်ရက်နေ့က, စပြီး ဒီဇင်ဘာ ၃၁ရက် အတွင်း ဖြစ်ရင်တော့ (၆၃၈) ကို နုတ်ပါ။
နုတ်လို့ပြီးရင် အဲဒီဂဏန်းဟာ မြန်မာသက္ကရာဇ်ဖြစ်သွားပါပြီ။ အဲဒီမြန်မာခုနှစ်ကို (၇) နဲ့စားရင် အကြွင်း (၁)ကနေ (ဝ) အထိ အကြွင်း (၇)ခု ကြွင်းပါမယ်။ အဲဒီတော့ ကိုယ် ဘာအကြွင်းလဲဆိုတာသိရင် အောက်က ဇယားလေးကို ကြည့်ရင် ကိုယ် ဘာအဖွားလည်း ဆိုတာ သိပြီပေါ့။

မွေးသက္ကရာဇ် အကြွင်း နှင့် ဖွားဇာတာ ကြည့်နည်းဇယား
အကြွင်း တနင်္ဂနွေ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ ရာဟု
၁ ဘင်္ဂ ပုတိ သိုက် မရဏ အဓိပတိ ရာဇ အထွန်း မရဏ
၂ အထွန်း ဘင်္ဂ ပုတိ သိုက် မရဏ အဓိပတိ ရာဇ သိုက်
၃ ရာဇ အထွန်း ဘင်္ဂ ပုတိ သိုက် မရဏ အဓိပတိ ပုတိ
၎ အဓိပတိ ရာဇ သိုက် ဘင်္ဂ ပုတိ သိုက် မရဏ ဘင်္ဂ
၅ မရဏ အဓိပတိ ရာဇ အထွန်း ဘင်္ဂ ပုတိ သိုက် အထွန်း
၆ သိုက် မရဏ အဓိပတိ ရာဇ အထွန်း ဘင်္ဂ ပုတိ ရာဇ
ဝ ပုတိ သိုက် မရဏ အဓိပတိ ရာဇ အထွန်း ဘင်္ဂ အဓိပတိ

= လက်တွေ့တွက်ပြပါမယ်။ အင်္ဂလိပ် ခုနှစ် ၁၉၈ဝ ခု ဇူလိုင်လ (၄)ရက်ဖွား အတွက် တွက်ကြည့်ရအောင်။
(၁) အင်္ဂလိပ်ခုနှစ် (၁၉၈ဝ) ထဲက (၆၃၈) ကို နုတ်ရင်- - - ၁၉၈ဝ - ၆၃၈ = ၁၃၄၂ ရပါတယ်။ အဲဒါ မြန်မာသက္ကရာဇ်ပေါ့။
(၂) မြန်မာသက္ကရာဇ်ဖြစ်တဲ့ ၁၃၄၂ ကို (၇) နဲ့စားပါ။ ၁၃၄၂ œ ၇ = ၅ ကြွင်းပါမယ်။
(၃) ၁၉၈ဝ ဇူလိုင်လ (၄) ရက်နေ့က သောကြာနေ့ဖြစ်တဲ့အတွက်- အကြွင်း (၅) နဲ့ သောကြာနဲ့ ဆုံတဲ့အကွက်ကို ကြည့်ရင် “ပုတိ” ဆိုတာ တွေ့ရပါမယ်။ ဒါကြောင့် အဖွားက “ပုတိ” ဖွားပေါ့။
= နောက်တစ်ခုတွက်ပြပါဦးမယ်။ ၁၉၈၅ ခု ဇန်နဝါရီလ (၅)ရက်ဖွား အတွက် တွက်ကြည့်ရအောင်။ ဇန်နဝါရီလ(၅)ရက်နေ့ဟာ နှစ်ဆန်းတစ်ရက် မတိုင်မှီ ဖြစ်တဲ့အတွက် (၆၃၉)ကို နုတ်ရပါမယ်။
(၁) အင်္ဂလိပ်ခုနှစ် (၁၉၈၅) ထဲက (၆၃၉) ကို နုတ်ရင်- - - ၁၉၈၅ - ၆၃၉ = ၁၃၄၆ ရပါတယ်။ အဲဒါ မြန်မာသက္ကရာဇ်ပေါ့။
(၂) မြန်မာသက္ကရာဇ်ဖြစ်တဲ့ ၁၃၄၆ ကို (၇) နဲ့စားပါ။ ၁၃၄၆ œ ၇ = ၂ ကြွင်းပါမယ်။
(၃) ၁၉၈၅ ဇန်နဝါရီလ (၅) ရက်နေ့က စနေနေ့ဖြစ်တဲ့အတွက်- အကြွင်း (၂) နဲ့ စနေနဲ့ ဆုံတဲ့အကွက်ကို ကြည့်ရင် “ရာဇ” ဆိုတာ တွေ့ရပါမယ်။ ဒါကြောင့် အဖွားက “ရာဇ” ဖွားပေါ့။
အဲဒီနေရာမှာ အဖွား(၇)ခုနဲ့ ပတ်သက်ပြီး လူတိုင်း လက်ခံနေတဲ့ အယူအဆတစ်ခုဖြစ်လာပါတယ်။ အဲဒါကတော့ “အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ၊ ပုတိ၊ ဘင်္ဂ နဲ့ မရဏ” ဆိုပြီး အဖွား (၇) ခု ဖြစ်ပေါ်လာတဲ့ နေရာမှာ အပေါ်တန်းတွေဖြစ်တဲ့ “အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ” အဖွားတွေ ဆိုရင် ကောင်းတယ်။ အောက်တန်းတွေဖြစ်တဲ့ ” ပုတိ၊ ဘင်္ဂ နဲ့ မရဏ” ဖွားတွေ ဆိုရင် ညံ့တယ်ဆိုပြီး အယူအဆဖြစ်ပေါ်လာပါတယ်။ အောက်ပါ မဟာဘုတ် ဇယားခွင်ကို ကြည့်ပါ။

အပေါ်တန်းမှာက ” အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ” ဆိုပြီး ရှိပါတယ်။ အောက်တန်းမှာ ” မရဏ၊ ဘင်္ဂ၊ ပုတိ” ဆိုပြီး ရှိပါတယ်။ အများယူဆကြတာတော့ အပေါ်တန်းဖွား ဖြစ်ရင် ကောင်းတယ်။ အောက်တန်းဖွားဖြစ်ရင် ညံ့တယ်တဲ့။ ဟုတ်ပါရဲ့လား။
အဲဒါအယူအဆဟာ မှန်သလား၊ မှားသလား ဆိုတာကို ဒုတိယပို့စ်ဖြစ်တဲ့ ” ပုတိ၊ ဘင်္ဂ၊ မရဏ” အပိုင်း (၂) မှာ ဆက်ပြီး ရေးသားသွားပါမယ်ခင်ဗျား။ အပိုင်း (၂)ကို နောက်တစ်ရက် နှစ်ရက်အတွင်း တင်ပေးပါမယ်။
ဖတ်ရှုသူအားလုံးကျန်းမာချမ်းသာကြပါစေခင်ဗျား